Pages

22/06/2012

Zawgyi Font Installer for Android



Zawgyi Installer Ver 1.0 (RC6)
Busybox ပြသနာ ဖြေရှင်းဖို့ ဒီနေ့ RC6 ကို ထပ်ထုတ်ပါတယ်။ အရင်ဗားရှင်းမှာ App အလုပ်လုပ်ဖို့ Busybox လိုပါတယ်။ တစ်ချို့စက်တွေမှာ ရှိပေမယ့် တစ်ချို့စက်တွေမှာ မရှိလို့ အဆင်မပြေတာ။ တစ်ချို့လဲ ရှိရဲ့သားနဲ့ ဗားရှင်း မကိုက်လို့ အဆင်မပြေတာတွေ ရှိလာလို့ Busybox မလိုအောင် လုပ်ထားပါတယ်။ အဆင်မပြေတာရှိရင် ပြောပါ။

Zawgyi Installer Ver 1.0 (RC5) ပါ။
၁။ Root လုပ်ထားပီးသား စက်ရုပ်အားလုံး ရပါတယ်။ ( Root မလုပ်လို့ လုံးဝ မရပါ )
၂။ ဆမ်ဆောင်းတွေ TouchWiz ဖြစ်ဖြစ် Custom Rom ဖြစ်ဖြစ် ရပါတယ်။ TouchWiz တွေအတွက်က ထည့်ပီးရင် Display -> Fonts အောက်မှာ Default ကို ပြန်ထားမှ သွင်းထားတဲ့ ဖောင့်ကို မြင်ရပါမယ်။
၃။ Sony Xperia တွေ -ျ အပေါ်တက်နေတဲ့ ဖုန်းတွေအတွက်လဲ ဇော်ဂျီမိုဘိုင်းဖောင့် ထည့်ပေးထားပါတယ်။

Root လုပ်ပီးသွားရင် ဇော်ဂျီဖောင့်ထည့်ဖို့ Root Explorer ရှာရ၊ Font File ရှာရ၊ Font File ထည့်ပီးခါမှ Permission မပြောင်းမိလို့ Boot Loop ဖြစ်ရ စတဲ့ ဒုက္ခတွေ ကင်းနိုင်ဖို့ ဇော်ဂျီဖောင့်အင်စတော်လာလေး သင်္ကြန်လက်ဆောင် ပေးလိုက်ပါတယ်။
( အမှန်က အရက်သောက်ဖို့ အဖော်မရှိလို့ Android SDK ကို အမြည်းလုပ်ရင်း ထွက်လာတာတွေ :D )

ဘယ်လိုထည့်ရမလဲဆိုတာတော့ အတော့ကိုလွယ်ပါတယ်။ App ကို ဒေါင်းလုဒ်လုပ် ပီးရင် စက်ထဲကို Install လုပ်။ ပီးရင် Run လိုက်။ Super User Request တောင်းရင် Allow ပေးလိုက်။ ဒါပါပဲ။ အဲလောက်နဲ့မှ မရသေးရင် အောက်က Screen Shot တွေမှာ အမှန်ခြစ် ခြစ်ထားတဲ့ နေရာလေးတွေမှာသာ လိုက်ပီး နှိပ်ပေးလိုက်ပါ။



ဒါကတော့ စက်ကို Root လုပ်ထားမထား စစ်မယ့်နေရာပါ။ နှိပ်လိုက်ရင် အောက်ကလို Super User Request တောင်းပါလိမ့်မယ်။



Remember ကို အမှန်ခြစ်ထားမှ နောက်ပိုင်း Request ထပ်မတောင်းမှာဖြစ်ပါတယ်။ မခြစ်ထားခဲ့ရင် အကြိမ်ရေ တော်တော်များများ တောင်းပါလိမ့်မယ်။ အမှန်ခြစ်ပီးရင် Allow လုပ်မှ ရှေ့ဆက်သွားလို့ ရပါလိမ့်မယ်။ အဲဒီလို မတောင်းခဲ့ရင်ပဲဖြစ်ဖြစ် Allow လုပ်ရဲ့သားနဲ့ တတိယပုံပေါ်မလာရင်ပဲဖြစ်ဖြစ် စက်ကို Root လုပ်တဲ့နေရာမှာ ပြဿနာရှိတာ ဒါမှမဟုတ် စက်ထဲမှာ Busybox မရှိတာဖြစ်ပါလိမ့်မယ်။ Busybox မရှိတာဆိုရင်တော့ အောက်က ဒေါင်းလုဒ်လင့်ခ်တွေထဲမှာ Busy Box အတွက် ဒေါင်းလင့်ခ်တွေ ရှိပါတယ် ဒေါင်းပီး ထည့်လိုက်ပါ။ ပုံမှန်ဆိုရင်တော့ အောက်ကပုံကို ရောက်လာမှာပါ။




ပုံမှန်စက်တွေအတွက် ဖောင့် ၉ မျိုး။ မြန်မာစာမှာ ယပင့်တွေ အသတ်တွေ လွဲနေတဲ့ ဆိုနီတွေအတွက် ဆိုနီမိုဘိုင်း တွေအပြင် မူလဖောင့်တွေကို ပြန်သွားဖို့ Restore ၂ ခု စုစုပေါင်း ၁၂ ခု ထဲက ကြိုက်တာ ရွေးသွင်းနိုင်ပါတယ်။ Install fonts နှိပ်လိုက်လို့ အားလုံး အဆင်ပြေတယ်ဆိုရင် အောက်ကလို ပေါ်လာပါလိမ့်မယ်။



Exit & Reboot Phone နှိပ်လိုက်ရင် ဖုန်းကို Restart လုပ်ပါလိမ့်မယ်။ ပြန်တက်လာရင်တော့ ထည့်ထားတဲ့ဖောင့်နဲ့ လန်းနိုင်ပါပီ။

အောက်ကလို အယ်ရာတက်လာပီဆိုရင်တော့ အနီဘောင်ထဲက စာသားတွေကို အကုန်ကူးပီးပဲဖြစ်ဖြစ် စခရင်ရှော့နဲ့ဖြစ်ဖြစ် လာပြပေးကြပါ။ အဲဒါကြည့်ပီးမှ ဘာပြင်ရမလဲဆိုတာ သိမှာပါ။



ဒါကို သုံးလို့ ဘာတွေ ထူးလာမလဲဆိုတာ အောက်မှာ ရေးပေးထားပါတယ်။

၁။ Original “DroidSansFallback”, “DroidSans”, “DroidSans-Bold”, “Roboto-Regular” and “Roboto-Bold” ဖောင့်တွေထဲမှာ ဇော်ဂျီပေါင်းထည့်ပေးထားဖြစ်လို့ Android က Support လုပ်သမျှ ဘာသာစကားအားလုံး ဖောင့်တစ်ခုတည်းနဲ့ မြင်နိုင်ပါတယ်။

၂။ Android မှာ System တစ်ခုလုံး မြန်မာလို မြင်ရဖို့ (Notification Bar, Lock Screen အပါအ၀င်) ဖောင့် ၃ ခု လဲရပါတယ်။ ICS တွေမှာ “DroidSansFallback”, “Roboto-Regular” and “Roboto-Bold” နဲ့ သူ့အောက်က OS တွေမှာ “DroidSansFallback”, “DroidSans” and “DroidSans-Bold” ဖောင့်တွေပါ။ Root Exp နဲ့ ကူးထည့်ရင်ရပေမယ့် Permission မချိန်းမိရင် Boot Loop ပတ်တတ်ပါတယ်။ ဒါနဲ့ဆိုရင် နေရာတိုင်းမှာမြင်ရမယ့်အပြင် Permission ကိစ္စကို ပူစရာ မလိုတော့ပါ။ ( Super User Request တောင်းတဲ့အချိန် Allow လုပ်ဖို့တော့ မမေ့နဲ့ပေါ့ )

၃။ မြန်ကီးရဲ့ နောက်ဆုံး ဗားရှင်းမှာ Myankey 11 S ဆိုတဲ့ လက်ကွက်ကို ရွေးသုံးရင် ဒီဖောင့်တွေ ရှိမှ အဆင်ပြေပါလိမ့်မယ်။ ဒီဖောင့်ထဲက Private User Area ထဲမှာ ကီးဘုတ်အတွက် စာလုံးအသစ်တွေ ထည့်ထားလို့ပါ။


မိုင်းနပ်စ်လင့်ခ်
Download

မီဒီယာဖိုင်းယားလင့်ခ်
Download

BusyBox Error တက်ခဲ့ရင် ထည့်ဖို့ Busybox ဒေါင်းလင့်ခ်

မိုင်းနပ်စ်လင့်ခ်
Download

မီဒီယာဖိုင်းယားလင့်ခ်
Download


Password : thurein

Mobile နဲ့ ပါတ်သက်ပြီး အဆင်မပြေတာရှိရင် အောက်က (Link) MMUC မှာ ဝင်ရောက် ဆွေးနွေး မေးမြန်းနိုင်ပါတယ်....:)
Reference : Myanmar Mobile Users Club (MMUC)


အားလုံးအဆင်ပြေကြပါစေဗျားးး

No comments: